သန်လျှင်မြို့က Covid 19 ကာကွယ်ရေးရုံးမှာငွေကျပ်(၈ )သိန်းကိုလှူဒါန်းပေးခဲ့တဲ့ ကျော်ကျော်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ကျော်ကျော်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါတွေနဲ့ပတ်သက်ပြီး တစ်ထောင့်တစ်နေရာကနေတတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေတာတွေ့ရပါတယ်။ လက်ရှိမှာလည်းသန်လျှင်မြို့မှာရှိတဲ့ Covid 19 ကာကွယ်ရေးရုံးမှာငွေကျပ်(၈ )သိန်းကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်မိဘမဲ့ကလေးများဂေဟာမှာငွေကျပ်(၂)သိန်းနဲ့ စက်ပစ်ကွင်းဘုန်းဘုန်းကြီးကိုကထိန်သဃ်န်းဆက်ကပ်လှူဒါန်းခဲ့တဲ့အပြင် ဝတ္တုငွေငါးသောင်းကိုလည်းသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ သူ့ရဲ့အလှူလေးကိုတော့ အနုပညာအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်နေပြီး မောင်နှမလိုလည်းချစ်ခင်ရတဲ့ သရုပ်ဆောင်ဆုမြတ်နိုးဦးနဲ့အတူသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကျော်ကျော်ကတော့သူ့ရဲ့အလှူနဲ့ပတ်သက်ပြီး “ဒီနေ့ကတော့ကျနော်တို့မိသားစုရဲ့ အလှူအဖြစ် သန်လျှင်Covid 19 ကာကွယ်ရေးရုံးမှာငွေကျပ်ရှစ်သိန်း…မိဘမဲ့ကလေးများဂေဟာမှာ ငွေကျပ်နှစ်သိန်း စက်ပစ်ကွင်းဘုန်းဘုန်းကြီးကိုကထိန်သဃ်န်းနှင့်ဝတ္တုငွေ ငါးသောင်းသွားရောက်လှူဒါန်းခဲ့ပါတယ်ခင်ဗျာ”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်.။ ပရိသတ်ကြီးကလည်းကျော်ကျော်တို့မိသားစုရဲ့ အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်။

Source:Kyaw Naing Oo