ခင်ပွန်းကိုယ်တိုင်ရိုက်ပေးတဲ့ အမိုက်စားပုံရိပ်လေးတွေကိုမျှဝေလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့အနုပညာလောကမှာ နေရာတစ်နေရာကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာအိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားပြီးမိသားစုအတွက် တာဝန်ကျေပွန်အောင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ သားလေးတစ်ယောက်လည်းပိုင်ဆိုင်ထားပြီး လက်ရှိမှာတော့နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားနေရပါတယ်။

ဒုတိယရင်သွေးလေးကတော့ယခုဆိုရင် (၅)လတောင်ရှိနေပြီဖြစ်ပြီး သမီးလေးဖြစ်ကြောင်းလည်းသိရပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့တစ်သားမွေးတစ်သွေးလှနေပြီး ယခုလိုဒုတိယမြောက်ရင်သွေးလေး လွယ်ထားနေရတဲ့အချိန်မှာတောင်အရမ်းကို ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ သူမရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေအမြဲဖော်ပြပေးလေ့ရှိပါတယ်။

ဒီနေ့မှာလည်းခင်ပွန်းကိုယ်တိုင်ရိုက်ပေးတဲ့ အမိုက်စားပုံရိပ်လေးတွေကိုမျှဝေလာခဲ့ပါတယ်။ ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာတောင်မိမိုက်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို”Out for a while but you got so many photos Photos by Jack’s Dad”ဆိုပြီးရေးသားကာတင်ထားခဲ့တာဖြစ်ပါတယ်။

Source:Nann Myat Phyo Thinn