သူရောင်းတဲ့စားသောက်ဖွယ်ရာတွေကို ဝယ်ယူအားပေးခဲ့တဲ့နေတိုးအားကျေးဇူးတင်စကားဆိုလိုက်တဲ့ ဘုန်းလျှံ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ဘုန်းလျှံကတော့အနုပညာလောကမှာ နေရာတစ်နေရာကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသားချောလေးတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ရိုက်ကူးအောင်မြင်နိုင်ခဲ့ပါတယ်။ သူကတော့လတ်တလောမှာ ကိုဗစ်ကြောင့်ရိုက်ကူးရေးတွေကိုရပ်နားထားခဲ့ပြီး ငါးပါတူးစားဖွယ်လေးတွေကိုဇနီးဖြစ်သူနဲ့အတူ ရောင်းချပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင်ကြက်သောက်ဆမ်းအော်ဒါလေးတွေကိုလည်း ရောင်းချပေးနေတာဖြစ်ပြီးရောင်းအားကောင်းကာ အတော်လေးကိုအောင်မြင်နေခဲ့ပါတယ်။ သူရောင်းတဲ့စားသောက်ဖွယ်ရာလေးတွေကို အနုပညာရှင်တော်တော်များများကလည်းအားပေးဝန်းရံခဲ့ကြပြီး ဒီနေ့မှာလည်းသူဆီကဝယ်ယူအားပေးခဲ့တဲ့ နေတိုးအားကျေးဇူးတင်ကြောင်း ယခုလိုပဲပြောထားခဲ့ပါတယ်။

“ကိုနေတိုးအကြိုက်..မင်းရခိုင်ကြက်သောက်ဆမ်းရခိုင်ချက်..မျှစ်ချက်ရခိုင်ငရုတ်သီးထောင်း တို့စရာနဲ့ အချိုပွဲအားပေးမှုအတွက်ကျေးဇူးတင်လိုက်တာကို နေတိုးရေ”ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူ ဘုန်းလျှံကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားခဲ့တာဖြစ်ပါတယ်။

Source:Bhone Hlyan