အမေများအဖွဲ့ကိုထာဝရပဒေသာပင်အတွက် ငွေကျပ်သိန်း(၂၀)နဲ့လိုအပ်တာများလှူဒါန်းပေးခဲ့တဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးကတော့ အရုပ်မလေးတစ်ယောက်လိုအရမ်းကိုချစ်စရာကောင်းနေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာလတ်တလောမှာတော့ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေကိုရပ်နားထားခဲ့ပြီး သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုတော့ လူမှုကွန်ရက်သစာမျက်နှာကနေအမြဲဖော်ပြပေးလေ့ရှိပါတယ်။

လက်ရှိမှာတော့နန်းဆုရတီစိုးက ကိုဗစ်ကာလအတွင်းအခက်အခဲဖြစ်နေကြတဲ့ အမေများအဖွဲ့နှင့်မိတ်ဖက်မီဒီယာများကို ဆန် ,ဆီ, လက်ဆေးဆပ်ပြာ,ပန်းကန်ဆေးဆပ်ပြာနှင့် alcohol spray များဖြင့်ဂါရဝပြုလှူဒါန်းခဲ့တဲ့အပြင် အမေများအဖွဲ့ရဲ့ထာဝရပဒေသာပင်အတွက် အလှူငွေကျပ်သိန်း၂၀လှူဒါန်းပေးးခဲ့တယ်လို့သိရပါတယ်။ သူမရဲ့အလှူအကြောင်းကို နန်းဆုရတီစိုးကအလှူပုံရိပ်လေးတွေနဲ့အတူ ယခုလိုပဲရေးသားဖော်ပြပေးထားခဲ့ပါတယ်။

“အမေများအဖွဲ့နှင့် မိတ်ဖက်မီဒီယာများကို ဆန် ,ဆီ, လက်ဆေးဆပ်ပြာ,ပန်းကန်ဆေးဆပ်ပြာနှင့် alcohol spray များဖြင့်ဂါရဝပြုပြီး အမေများအဖွဲ့ရဲ့ထာဝရပဒေသာပင်အတွက် အလှူငွေကျပ်သိန်း၂၀ လှူဒါန်းခဲ့ပါတယ်”ဆိုပြီးရေးသားကာ သူမရဲ့အလှူအတွက်ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင်ဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

Source:Nansu Yati Soe