ခင်ပွန်းဆီကမင်္ဂလာသက်တမ်း(၆)လပြည့် အမှတ်တရအနေနဲ့လက်ဆောင်လေးရလို့ပျော်နေတဲ့ အိမ့်ချစ်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အိမ့်ချစ်ဟာ ချစ်သူနဲ့အတူပြီးခဲ့တဲ့ ဇွန်လ(၆)ရက်နေ့(၆.၆.၂၀၂၀)ရက်နေ့ပဲ နှစ်ဦးသဘောတူနှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာအိမ်ထောင်ကျပြီးနောက်ပိုင်း ချစ်ရတဲ့ခင်ပွန်းနဲ့အတူဘန်ကောက်မြို့မှာနေထိုင်လျက်ရှိပါတယ်။

အိမ့်ချစ်တို့ဇနီးမောင်နှံဟာတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုရှိရှိနဲ့သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ယခုလာမည့်ဒီဇင်ဘာလ(၆)ရက်နေ့မှာ မင်္ဂလာသက်တမ်း(၆)လပြည့်တော့မှာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်အတွက်အမှတ်တရဖြစ်နေစေမည့် ဒီလိုနေ့မျိုးလေးမှာတော့နှစ်ယောက်လုံးက တစ်ယောက်တစ်နိုင်ငံစီဖြစ်နေခဲ့ပါတယ်။

ဒါ့ပေမယ့်အိမ့်ချစ်ရဲ့ခင်ပွန်းဖြစ်သူကို Ericကတော့ မင်္ဂလာသက်တမ်း (၆)လပြည့် အထိန်းအမှတ်အနေနဲ့ချစ်ဇနီးလေးကို စိန်နဲ့နီလာ နားကပ်လေးတစ်ရံကိုလက်ဆောင်ပေးခဲ့ပါတယ်။ အလုပ်ကိုယ်စီကြောင့် တစ်ယောက်တစ်နိုင်ငံကိုရောက်နေပေမယ့် နားလည်မှုအပြည့်နဲ့အမြဲတမ်းဂရုတစိုက်ချစ်နေကြတဲ့ စုံတွဲလေးပါပဲနော်။

Source:Eint Chit