ကိုဗစ်ကြောင့်အိမ်ထဲမှာပဲနေရတဲ့သမီးလေးကိုသနားလို့ အပန်းဖြေခရီးလေးထွက်ခဲ့တဲ့ စန္ဒီမြင့်လွင်တို့မိသားစု

စန္ဒီမြင့်လွင်ကတော့ပရိသတ်အချစ်တော် အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင်နဲ့အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာခင်ပွန်းဖြစ်သူကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့မှာလက်ထပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင်တော့အိမ်ထောင်သက်တမ်းက (၃)နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး

ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတော့ အေးအေးချမ်းချမ်းလေးနဲ့တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သူမရဲ့သမီးဦးလေးtreasureကတော့ အသက်(၁)နှစ်ကျော်နေခဲ့ပြီဖြစ်ပြီး သားအမိနှစ်ယောက်အနုပညာအလုပ်တွေကိုလည်းတွဲဖက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ လတ်တလောမှာတော့သူတို့မိသားစုလေးဟာ ကိုဗစ်ကြောင့်ရိုက်ကူးရေးတွေကိုရပ်နားထားရတာဖြစ်ပြီး သူမတို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကိုတော့ လူမှုကွန်ရက်စာမျက်နှာကနေအမြဲဖော်ပြပေးလေ့ရှိပါတယ်။

ဒီနေ့မှာလည်းစန္ဒီမြင့်လွင်က ကိုဗစ်ကြောင့်အိမ်ထဲမှာပဲနေရတဲ့သမီးလေးကိုသနားလို့ အပန်းဖြေခရီးလေးထွက်ခဲ့တဲ့အကြောင်း ဗီဒီယိုဖိုင်လေးနဲ့အတူမျှဝေလာခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်လေးကိုတော့”ဒီဒီတို့မိသားစုTreasure နဲ့ stay cation သွားဖြစ်တုန်းကရိုက်ထားတဲ့ vlog လေးပါ ဒီထဲမှာလဲ ထရက်ရှာတယောက်ဘယ်လိုတွေပျော်နေလဲမေး”ဆိုပြီးရေးသားဖော်ပြပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source:Sandy Myint Lwin