ကိုဗစ်ရောဂါကြောင့်ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူရင်းလုပ်အားပေးကူညီနေတဲ့ နေလင်း

ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့Covid-19 ရောဂါကူးစက်ခံခဲ့ရပြီးဧရာဝတီစင်တာမှာဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။ သူဟာကိုဗစ်ကူးစက်ခံရတဲ့အတွက် အိမ်မှာရှိတဲ့မိခင်၊အဖွားနှင့်အစ်ကိုဖြစ်သူ ၃ ဦးကို နိုဝင်ဘာ(၂၆)ရက်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ အစ်ကိုဖြစ်သူကလည်းCovid-19 ရောဂါကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။

သူဟာနိုဝင်ဘာ(၂၄) ရက်ကတက်ရောက် ဆေးကုသမှုခံယူခဲ့တာဖြစ်ပြီး ဒီနေ့နဲ့ဆိုရင်တော့(၉)ရက်ရှိနေပြီပဲဖြစ်ပါတယ်။ နေလင်းကတော့လက်ရှိမှာကိုဗစ်ရောဂါအတွက် ကိုယ်တိုင်လည်းဆေးကုသမှုခံယူရင်း လုပ်အားပေးတစ်ယောက်အနေနဲ့ပါ ပါဝင်ကူညီဆောင်ရွက်ပေးနေတာကိုတွေ့ရပါတယ်။ အဲဒီအကြောင်းကိုတော့ “မိမိရောက်ရာပတ်ဝန်းကျင်မှာ အုတ်တချပ်သဲတပွင့်#အိမ်မှာနေကြပါ#Mask တပ်ကြပါ#လက်ဆေးကြပါ

အားလုံးပဲ နေကောင်းကျန်းမာကြပါစေ ကပ်ဆိုးကြီးလည်းအမြန်ဆုံးပီးဆုံးပါစေခင်ဗျ”ဆိုပြီးရေးသားကာ သူ့ရဲ့လုပ်အားပေးတစ်ယောက်အဖြစ်ဆောင်ရွက်နေတဲ့ ပုံရိပ်လေးတွေကိုမျှဝေလာခဲ့တာဖြစ်ပါတယ်။ နေလင်းတစ်ယောက်ကိုဗစ်ရောဂါဆိုးကြီးကနေ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Source:Nay Linn