ဒုတိယရင်သွေးလေးကိုလွယ်ထားရပေမယ့် သားလေးကိုအချိန်ပေးပြီး ကိုယ်တိုင်ရေကူးသင်ပေးနေတဲ့ မေမေမိုးယုစံ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မိုးယုစံကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို သားချောလေးတစ်ယောက်နဲ့အတူ ပိုင်ဆိုင်ရရှိထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒုတိယမြောက်ရင်သွေးလေးကိုလည်းလွယ်ထားရတာဖြစ်ပြီး နောက်ထပ်ရင်သွေးလေးကလည်း သားလေးဖြစ်တယ်လို့သိရပါတယ်။ မိုးယုစံကတော့ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားရတာအခုဆိုရင်(၆)လတောင်ရှိနေပြီဖြစ်ပါတယ်။

သူမကတော့တစ်သားမွေးတစ်သွေးလှဆိုသလို အမြဲတမ်းနိုပျိုပြီးလှပနေတာပဲဖြစ်ပါတယ်။ မိုးယုစံဟာအိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကိုအရင်ကလောက်မလုပ်တော့ပေမယ့် ပရိသတ်တွေရင်ထဲမှာတော့အချိန်ပြည့် နေရာယူထားနိုင်ခဲ့တဲ့သရုပ်ဆောင်ဆိုလည်းမှားမယ်မထင်ပါဘူး။ မိုးယုစံကလည်း သူမတို့မိသားစုလေးရဲ့တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကိုလူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။

ဒီနေ့မှာလည်းသူမကဒုတိယရင်သွေးလေးကိုလွယ်ထားရပေမယ့် သားလေးကိုအချိန်ပေးပြီးရေကူးသင်ပေးနေတာကိုလည်းတွေ့ရပါတယ်။ အဲဒီအကြောင်းကိုတော့”မာမီ့သည်းလေးတောင်ကြီးလာပီ သည်းလေးနဲ့တူတူရှိတဲ့အချိန်လေးတွေက မာမီ့တွက် အပျော်ဆုံးနဲ့ အမောဆုံးအချိန်လေးတွေပါ (မမောပါဘူးလို့)”ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူမျှဝေပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source:Moe Yu San