ဂေဟာရှေ့မှာလာရောက်စွန့်ပစ်ခဲ့တဲ့ မွေးကာစသမီးလေးကို “ခိုင် “မိသားစုဝင်အဖြစ်ထပ်မံမွေးစားလိုက်တဲ့ ခိုင်နှင်းဝေ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေဟာ အနုပညာအလုပ်တစ်ဖက်နဲ့ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေတာ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမကတော့မိဘမဲ့ကလေး(၃၈)ယောက်ကို မိခင်အရင်းတစ်ယောက်လို ကာကွယ်စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်းသူ့ရဲ့ဂေဟာရှေ့မှာ လာရောက်စွန့်ပစ်ခဲ့တဲ့ မွေးကာစသမီးလေးကို “ခိုင် “မိသားစုဝင်အဖြစ်ထပ်မံမွေးစားလိုက်ပြန်တယ်လို့သိရပါတယ်။

အဲဒီအကြောင်းကိုတော့ခိုင်နှင်းဝေက ကလေးအတွက်ဝမ်းနည်းစွာနဲ့ယခုလိုပဲပြောပြလာခဲ့ပါတယ်။”ဒီနေ့မနက် ၅ နာရီလောက်မှာ ကျမရဲ့ဂေဟာအရှေ့မှာ မွေးကာစသမီးလေးတစ်ယောက်ကို လာရောက်စွန့်ပစ်သွားပါတယ်..ကလေးငိုသံကြားလို့ထွက်ကြည့်တဲ့အခါ သမီးလေးကိုအေးစက်ပီးငိုနေတာတွေ့ရပါတယ်..စိတ်လဲမကောင်းဖြစ်ရသလို တော်တော်လဲစိတ်တိုမိပါတယ်.ကျမဂေဟာရှေ့လာပစ်တာကျမဆီရောက်စေချင်လို့ဆိုလဲ ကလေးတွေကိုခုလိုမျိုးတွေမလုပ်ဘို့တောင်းပန်ပါတယ်

ကလေးတွေကအရမ်းနုနေတဲ့ချိန်မှာ ဆောင်းတွင်းဖြစ်တာရယ်အိတ်ထဲမှာမို့ အသက်ရှူကျပ်တာတွေဖြစ်ပီး ကလေးအသက်ဆုံးရှူံးနိုင်ပါတယ်..စုံစမ်းမေးမြန်းစရာတွေစုံစမ်းပီး သမီးလေးကို ကျမတို့”ခိုင် ” မိသားစုဂေဟာရဲ့ (၃၉) ယောက်မြောက် သမီးလေး အဖြစ် စောင့်ရှောက်ထားလိုက်ပါတယ်ရှင်”ဆိုပြီးပြောပြထားခဲ့တာပဲဖြစ်ပါတယ်။

Source:Khine Hnin Wai