အဝေးမှာကျောင်းသွားတက်နေရတဲ့ မြေးလေးရဲ့မွေးနေ့အတွက် မေတ္တာပို့ဆုတောင်းပေးခဲ့တဲ့ ဝါဝါဝင်းရွှေ

ဝါဝါဝင်းရွှေကတော့တစ်ခေတ်တစ်ခါတည်းက အနုပညာလောကမှာအောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာလက်ရှိအချိန်မှာအနုပညာအလုပ်တွေကို မလုပ်တော့ပေမယ့်ပရိသတ်တွေရဲ့အချစ်ကိုတော့ ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ ဝါဝါဝင်းရွှေရဲ့မြေးလေးဝင်းဝါပန်းမြတ်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။

ဝါဝါဝင်းရွှေကတော့အဝေးမှာကျောင်းသွားတက်နေရတဲ့ မြေးလေးအတွက်ရည်မှန်းချက်တွေ အားလုံးပြည့်စုံစေဖို့ ယခုလိုပဲမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။ “သိပ်ချစ်ရတဲ့ မြေးလေး Pinky ပန်းသွေး HAPPY BIRTHDAY -HAPPY LONG LIFE .ဒီနှစ်မွေးနေ့ မှာ တော့ ဖွားတို့နဲ့ ဝေးတဲ့ Singapore နိုင်ငံမှာရောက်နေရှာပြီပေါ့။ငယ်စဉ်အခါ ပညာရှာ။ ဆိုတဲ့အတိုင်း၊
မြေးလေးရဲ့ရည်မှန်းချက်တွေအားလုံးပြည့်စုံပါစေ။

သွားလေရာအန္တရယ်ကင်းလို့ ဘေးရှင်းပါစေ။ သူတော်ကောင်းများနဲ့သာတွေ့စုံပါစေလို့ ဖွားဖွားမေတ္တာပို့ ဆုတောင်းပေးလိုက်ပါတယ်နော်”ဆိုပြီး မြေးလေးရဲ့အမှတ်တရပုံရိပ်လေးနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်းဝါဝါဝင်းရွှေရဲ့ ချစ်ရတဲ့မြေးလေးအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။

Source:Wa Wa Win Shwe