ချစ်သမီးလေးရဲ့(၇)လပြည့်မွေးနေ့မှာ အမှတ်တရအနေနဲ့ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ Rဇာနည်တို့မိသားစု

Rဇာနည်ကတော့အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကိုသီဆိုပြီးပရိသတ်အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ချစ်ဇနီးလေးဝမ်းနဲ့ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို နားလည်မှုအပြည့်နဲ့တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ အခုဆိုရင်ချစ်စရာကောင်းတဲ့ သားလေးဖစ်ဖစ်တုန်၊ချစ်ချစ်တုန်နဲ့ သမီးလေးမစ်မစ်တုန်တို့ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

သမီးလေးမစ်မစ်တုန်ကိုတော့ ပြီးခဲ့တဲ့ဇွန်လကမှမွေးဖွားထားခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့အသက်(၇)လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဖေဖေRဇာနည်နဲ့မေမေဝမ်းတို့ကတော့ ချစ်သမီးလေးရဲ့အသက်(၇)လပြည့်မွေးနေ့အမှတ်တရအနေနဲ့ ဆရာတော်ဘုရားကိုသင်္ကန်းနဲ့အလှူငွေများလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင်လှော်ကားဥယျာဉ်ထဲက တိရစ္ဆာန်လေးတွေအတွက်လည်း အစာတွေသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

သူတို့ရဲ့အလှူနဲ့ပတ်သက်ပြီးRဇာနည်က”စနေနေ့ ဘုန်ကြီးကျောင်းသွား မစ်မစ်လေး ခုနှစ်လပြည့် အလှူလေးပြုလုပ်ပြီး ကလေးတွေကို လှော်ကား လိုက်ပို့ဖြစ်တဲ့ အမှတ်တရ “ဆိုပြီးရေးသားကာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ Rဇာနည်တို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source:Zarni Myonyunt