သားနဲ့သမီးအနားမှာမရှိရင်စိတ်မချလို့ ဘယ်သွားသွားအမြဲခေါ်သွားတတ်တဲ့ မေမေသဉ္ဇာနွယ်ဝင်း

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်ကြီးလည်းရင်နှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာခင်ပွန်းဖြစ်သူနဲ့အတူလက်ထပ်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေကိုအရင်ကလောက်မလုပ်တော့ဘဲ မိသားစုအတွက်သာအချိန်ပေးနေခဲ့တာဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကသူ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူပိုင်ဆိုင်ထားပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့် သူမကတော့ယခုအချိန်ထိ အပျိုလေးတစ်ယောက်လိုနုပျိုပြီး လှပနေဆဲပါ။ သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့သားနဲ့သမီးလေးရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်းသားနဲ့သမီးအနားမှာမရှိရင်စိတ်မချလို့ ဘယ်သွားသွားအမြဲခေါ်သွားတတ်တဲ့အကြောင်း ပရိသတ်ကြီးကို ယခုလိုပဲပြောပြလာခဲ့ပါတယ်။

“ဘယ်သွားသွားသားနဲ့သမီးပါမှစိတ်ဖြောင့်တယ် အိမ်မှာချန်ထားခဲ့ရင်ခဏဆိုလွမ်းလာလို့အမြဲခေါ်သွားတော့ကြာကြာလည်ရတာပေါ့”ဆိုပြီးရေးသားကာ သူတို့သားအမိသုံးယောက်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုမျှဝေလာခဲ့တာဖြစ်ပါတယ်။

Source:Thinzar Nwewin