နှစ်သစ်ရဲ့ပထမဆုံးလလေးမှာ မင်္ဂသက်တမ်း(၁၀)နှစ်ပြည့်တော့မှာဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံ

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ အခုဆိုရင်သမီးတစ်ယောက်သားတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ယောက်က၂၀၁၁ ခုနှစ်၊ဇန်နဝါရီ ၄ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး လာမည့်၂၀၂၁ခုနှစ်မှာတော့မင်္ဂသက်တမ်း(၁၀)နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။

အဲဒီအကြောင်းကိုတော့အိန္ဒြာကျော်ဇင်က အမှတ်တရပုံရိပ်လေးနဲ့အတူ ယခုလိုပဲပြောပြလာခဲ့ပါတယ်။ “၂၀၂၀ကို အေးစက်စွာနှုတ်ဆက်ပြီး ၂၀၂၁ ကိုနွေးထွေးစွာကြိုဆိုလိုက်ပါတယ်“Warmly welcome 2021”နှစ်သစ်ရဲ့ပထမဆုံးလလေးဟာ ကော်ရီးတီတီနဲ့ အူဝဲတို့ရဲ့ ၁၀နှစ်ပြည့်anniversary လလေးဖြစ်တာမို့လို့ အမှတ်တရအနေနဲ့အူဝဲရဲ့ ထုတ်ကုန်ပစ္စည်းအသစ်တခုကို ချစ်ပရိတ်သတ်ကြီးနဲ့စတင်မိတ်ဆက်ပေးချင်ပါတယ် အဲ့ဒါကဘာပစ္စည်းလေးဖြစ်မလဲဆိုတာကိုတော့ မကြာခင်အချိန်လေးတခုမှာကြေငြာပေးမှာမို့လို့ ရင်ခုန်စွာနဲ့စောင့်မျှော်ပေးကြပါဦးနော်

“HAPPY NEW YEAR EVERYONE”နှစ်သစ်မှာ လူသားအားလုံးရောဂါဘယများကင်းဝေးပြီး ကိုယ်ရောစိတ်ပါကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်”ဆိုပြီးရေးသားကာ အိန္ဒြာကျော်ဇင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Eaindra Kyaw Zin