live sale ရောင်းလို့ရတဲ့ငွေလေးတွေကိုစုပြီး ‌ခေတ်သစ်ဖောင်ဒေးရှင်းမှာငွေကျပ်(၅)သိန်းကို လှူဒါန်းခဲ့တဲ့ မိတ်ကပ်မထက်

ဒီနေ့မှာတော့မိတ်ကပ်မထက်ဟာ လင်းလင်းနဲ့ချစ်သုဝေတို့တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းအတွက် အလှူငွေ(၅)ကိုလှူဒါန်းပေးခဲ့ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ မွေးရာပါနှလုံးအပေါက်ပါတဲ့ကလေးငယ်လေးတွေကို ငွေကြေးကုန်ကျခံပြီးပျောက်ကင်းအောင် ကုသပေးလျက်ရှိပါတယ်။ ဒါ့အပြင်လိုအပ်တဲ့နေရာတွေမှာလည်း မကြာခဏဆိုသလိုလှူဒါန်းလေ့ရှိပြီး ယခုလိုကိုဗစ်ကာလမှာလည်း တတ်နိုင်သလောက်ကူညီလှူဒါန်းပေးနေတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့်လည်းမထက်က ‌ခေတ်သစ်ဖောင်ဒေးရှင်းရဲ့လိုအပ်တဲ့နေရာတွေမှာအသုံးပြုဖို့ သူမ live sale ရောင်းလို့ရတဲ့ငွေလေးတွေကိုစုပြီး ငွေကျပ်(၅)သိန်းကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်လည်းအလုပ်တွေကိုကြိုးစားပြီး အလှူအတန်းတွေများစွာကိုပြုလုပ်ချင်သေးတယ်လို့လည်း မထက်ကပြောပြထားခဲ့ပါတယ်။ မထက်ကတော့သူ့ရဲ့အလှူနဲ့ပတ်သက်ပြီး “ခေတ်နဲ့သစ်ရဲ့ မေမေTreza ကိုပြင်ပေးရင်း ‌ခေတ်သစ် ဖောင်ဒေးရှင်းမှာ အလှူငွေ 5သိန်း လှူဖြစ်တယ်

ဒီငွေကအရင်လက live sale တွေရောင်း အပြင်အလုပ်တွေကရတဲ့ ဝင်ငွေထဲကဖယ်ထားပြီးလှူဖြစ်တာပါ အလုပ်ခေါ်ကြတဲ့သူတွေရဲ့အလှူတခုလိုပါဘဲ… ပိုက်ဆံတွေများများပေါရင် အလှူအများကြီးလုပ်ချင်ပါသေးတယ်”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကါန်ရက်စာမျက်နှာကနေ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Ma Htet