သားနဲ့သမီးလေးကို ချစ်လွန်းလို့ဂုတ်ပေါ်မှာ Tattooထိုးထားခဲ့တဲ့ မေမေချောရတနာ

သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ပရိသတ်ကြီးနဲ့ ရင်နှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာအိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို အရင်လောက်မလုပ်တော့ဘဲရပ်နားထားခဲ့ပါတယ်။ ဒါပေမယ့်ပရိသတ်တွေရဲ့အချစ်ကိုတော့ လက်ရှိအချိန်ထိသိမ်းပိုက်ထားနိုင်ခဲ့ပြီး ချောရတနာကလည်းသူမရဲ့လှုပ်ရှားမှုတိုင်းကို လူမှုကွန်ရက်စာမျက်နှာကနေအမြဲမျှဝေပေးလေ့ရှိပါတယ်။

ချောရတနာကတော့ အခုဆိုရင်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်း ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်း ချစ်စရာကောင်းတဲ့သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သူမရဲ့အားလပ်ချိန်တိုင်းကိုလည်း မိသားစုအတူကုန်ဆုံးလေ့ရှိပါတယ်။ သားနဲ့သမီးလေးအပေါ်မှာလည်း နွေးထွေကြင်နာမှုအပြည့်ပေးပြီး သေချာဂရုစိုက်စောင့်ရှောက်ပေးနေခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ချောရတနာက ဝမ်းနဲ့လွယ်ပြီးမွေးထားခဲ့ရတဲ့ သားနဲ့သမီးလေးကိုချစ်လွန်း ဂုတ်ပေါ်မှာTattooထိုးထားခဲ့တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့ချောရတနာက ပုံရိပ်လေးနဲ့အတူ”အသဲနှလုံးလေးတွေရဲ့ Tattoo လေး”ဆိုပြီးရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Chaw Yadanar