ပိုင်တံခွန်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Ice-Cream Sandwich လေးကို အပြည့်အ၀၀န်းရံပေးခဲ့တဲ့ ဖြူဖြူကျော်သိန်း

ဖြူဖြူကျော်သိန်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကိုသီဆိုပြီး ပရိသတ်တွေရဲ့ချစ်ခင်အားမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့သူမဟာ အနုပညာအလုပ်တွေကိုခဏတာရပ်နားထားခဲ့ပြီး live saleလေးတွေကိုပြုလုပ်နေတာတွေ့ရပါတယ်။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်လည်း သူမရဲ့လှုပ်ရှားမှုကိုလူမှုကွန်ရက်စာမျက်နှာကနေတင်ပေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့ဖြူဖြူကျော်သိန်းက ပိုင်တံခွန်ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Ice-Cream Sandwichလေးကို အပြည့်အ၀၀န်းရံပေးထားခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့”တံခွန်ရေယူ့ရဲ့ Crazy Cream Ice-Cream Sandwich လေး အရမ်းစားကောင်းတယ်‌နော်။ ရေခဲမုန့်ကိုမှရောင်စုံပေါင်မုန့်နဲ့ညှပ်စားရတာမျိုး၊အဆန်းလေး ။ Chocochips ရော၊ Raspberry ရော နှစ်မျိုးလုံးကောင်းတယ်။ နောက် flavour အသစ်တွေရှိရင်လည်းထပ်ပို့လို့ရတယ်နော် ဘားအားမနာနဲ့ ။ I love ice-cream!”ဆိုပြီးရေးသားကာ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ လတ်တလောမှာအနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ Singapore’s Ice-Cream Sandwich တဲ့ဆိုင်ကိုဖွင့်လှစ်ထားခဲ့ပါတယ်။ ဖြူဖြူကျော်သိန်းက အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေတဲ့ ပိုင်တံခွန်ဆီက Ice-Cream Sandwich ကိုအားပေးရင်းအပြည့်အ၀၀န်းရံပေးခဲ့တာပဲဖြစ်ပါတယ်။

Source:Phyu Phyu Kyaw Thein