တူမအကြီးရဲ့မင်္ဂလာပွဲကို မိသားစုစုံစုံညီညီနဲ့တက်ရောက်ခဲ့ပြီး ကြည်နူးစရာပုံရိပ်လေးတွေကိုမျှဝေပေးလိုက်တဲ့ ခင်လှိုင်

ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ဟာအနုပညာလောကမှာအောင်မြင်နေသလို တစ်ဖက်ကလည်းပျော်ရွှင်နေတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ခင်လှိုင်တို့ဇနီးမောင်နှံဟာ သားနှစ်ယောက်သမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး ဘဝအေးအေးချမ်းချမ်းလေးဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

သူ့ရဲ့သားငယ်နေရဲနဲ့သမီးလေးသဇင်ထူးမြင့်ကလည်း ဖခင်နည်းတူအနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိပါတယ်။ လတ်တလောမှာတော့သူမဟာ အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ပြီး အိမ်မှာပဲမိသားစုနဲ့အတူအနားယူနေထိုင်လျက်ရှိပါတယ်။ ဒီနေ့မှာတော့ခင်လှိုင်တို့မိသားစုလေးဟာ တူမအကြီးရဲ့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုပုံရိပ်လေးတွေကိုမျှဝေလာခဲ့ပါတယ်။

အဲဒီပုံရိပ်လေးတွေကိုတော့ “တူမအကြီးဆုံးမင်္ဂလာဆောင်”ဆိုပြီးရေးသားကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။ ခင်လှိုင်တို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source:Khin Hlaing