အနုပညာအလုပ်တွေကိုသိပ့်မလုပ်ပေမယ့် အချစ်မလျော့ဘဲcakeနဲ့ပန်းစည်းတွေလက်ဆောင်ပို့ပေးကြတဲ့ ပရိသတ်တွေကြောင့်မျက်ရည်လည်မိတယ်ဆိုတဲ့ ချစ်သုဝေ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါထူးချွန်းတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာယခုနောက်ပိုင်းမှာတော့သရုပ်ဆောင်အလုပ်တွေကိုရပ်နားထားခဲ့ပြီး သီချင်းတွေကိုသာဖြေးဖြေးမှန်မှန်လေးလုပ်ကိုင်လျက်ရှိပါတယ်။ ဒီနေ့လည်းသူမရဲ့သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ ‘အဖြေ ‘ဆိုတဲ့သီချင်းလေးကိုJOOXမှာနားထောင်လို့ရနေပြီပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ချစ်သုဝေက အနုပညာအလုပ်တွေကိုသိပ့်မလုပ်ပေမယ့် အချစ်မလျော့ဘဲ cakeနဲ့ပန်းစည်းတွေလက်ဆောင်ပို့ပေးခဲ့တဲ့ ပရိသတ်တွေကြောင့်မျက်ရည်လည်မိသွားတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရင်ဖွင့်လာခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့”သီချင်းမရေးဖြစ်တာနှစ်တွေအတော်ကြာပြီ Guitarတီးတဲ့ အချိန်လေးတွေဟာ ကားတွေရိုက်ရင်း ပြီးတော့ ကလေးတွေထိန်းရင်း မေ့နေခဲ့တာကြာခဲ့ပါပြီဒီနေ့ Trezaရေးတဲ့ ‘အဖြေ ‘သီချင်းလေးJOOXမှာထွက်တယ်..Pianoတီးတတ်ကာစ ကိုယ့်ရဲ့သီချင်းလေးပေါ့..ဒီမနက်ရိုက်ကွင်းရှိတယ်..ရိုက်ကွင်းကို GGလေးတွေပို့တဲ့ cakeလေးရယ် ပန်းစည်းလေးရယ်ရောက်လာခဲ့တယ်

ရင်ထဲအတော်ပျော်သလို..သြော်ငါ့ကိုချစ်တဲ့ပရိသတ်တွေက ငါ့ဖန်တီးမှုလေးတွေအမြတ်တနိုးမျှော်ကြပါလားလို့တွေးပြီးမျက်ရည်လည်မိတယ်…GGလေးတွေရေ မင်းတို့မမသီချင်းတွေအများကြီးဒီနှစ်လုပ်မယ်နော် အနုပညာအလုပ်တွေခပ်ကျဲကျဲလုပ်လည်း အချစ်မလျော့ကြပါသော GG ပလုတုတို့ရေ… သမီးလေးတွေကိုဂရုစိုက်သလိုညည်းတို့ လေးတွေကိုလည်းဂရုစိုက်ပါ့မယ်လို့”ဆိုပြီးရေးသားကာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Chit Thu Wai