တီတီဇင်ကိုချစ်တယ်ဆိုပြီး မပီတပီပြောနေတဲ့ ထရက်ရှာကိုကြည့်ပြီးအချစ်ပိုနေတဲ့ တီတီစိုးပြည့်သဇင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ကတော့အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်ကတည်းက စတင်ဝင်ရောက်လာခဲ့ပြီးအခုဆိုရင်တော့ အောင်မြင်နေတဲ့သရုပ်ဆောင်နဲ့အဆိုတော်တစ်ယောက်ဖြစ်လို့နေပါပြီ။ လတ်တလောမှာတော့စိုးပြည်သဇင်ဟာ အနုပညာအလုပ်တွေကိုရပ်နားပြီး အိမ်မှာပဲမိသားစုနဲ့အတူအနားယူနေထိုင်လျက်ရှိပါတယ်။

ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်လည်း သူမရဲ့လှုပ်ရှားမှုကိုလူမှုကွန်ရက်စာမျက်နှာကနေ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့စိုးပြည့်သဇင်က တီတီဇင်လို့ခေါ်ပြီးချစ်တဲ့အကြောင်းမပီတပီနဲ့ပြောနေတဲ့ တူမလေးထရက်ရှာကိုကြည့်ကာအချစ်ပိုနေကြောင်း အမှတ်တရဗီဒီယိုဖိုင်လေးနဲ့အတူတင်ထားခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်လေးကိုတော့”တီတီဇင်..ချစ်တယ်နော်..နော်…ချစ်လိုက်တာသမီးလေး”ဆိုပြီးရေးသားကာ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

ထရက်ရှာကတော့စိုးပြည့်သဇင်ရဲ့အစ်မဖြစ်သူ စန္ဒီမြင့်လွင်ရဲ့သမီးလေးပဲဖြစ်ပါတယ်။ ထရက်ရှာကတော့အခုဆိုရင်အသက်(၁)နှစ်(၆)လကျော်နေပြီး မေမေနဲ့အတူကြော်ငြာလေးတွေကိုရိုက်ကူးလျက်ရှိပါတယ်။ ထရက်ရှာ”စိုး”မိသားစုရဲ့အချစ်တွေကိုလည်းအပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့အချစ်ကိုလည်းလက်ခံရရှိထားခဲ့ပါတယ်။ တီတီဇင်ချစ်ကြောင်းမပီတပီနဲ့ပြောထားတဲ့ ထရက်ရှာရဲ့ဗီဒီယိုလေးကိုပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source:Soe Pyae Thazin