သားလေးရဲ့မွေးနေ့အလှူအဖြစ် အခြေခံလူတန်းစားများကို ဆန်၊ဆီနဲ့စားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်တို့မိသားစု

ပြီးခဲ့တဲ့ဇန်နဝါရီလ(၂၂)ရက်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့သားလေး အောင်ဗိုလ်ကောင်းသန့်ရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ မေမေထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ဦးတည်းသောသားလေးရဲ့မွေးနေ့မှာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မိခင်မေတ္တာစိတ်အပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင်ပရိသတ်တွေနဲ့အနုပညာရှင်ညီအစ်အကိုမောင်နှမတွေကလည်း မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးထားကြပါသေးတယ်။ သားလေးရဲ့မွေးနေ့အမှတ်တရအလှူအဖြစ် ဒီနေ့မှာအခြေခံလူတန်းစားများအတွက် ဆန်၊ဆီ၊ကြက်သွန်နဲ့စားသောက်ကုန်များကို တတ်နိုင်သလောက်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အဆိုပါအလှူနဲ့ပတ်သက်ပြီး”လူစုလူဝေး မဖြစ်အောင် …လျပ်တစ်ပျက် ဒါနအတွက် ကုသိုလ်ထပ်တူ ရကြပါစေရှင်”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူ ထွန်းအိန္ဒြာဗိုလ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်တို့မိသားစုရဲ့ကြည်နူးစရာအလှူပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မွေးနေ့ရှင်လေး အောင်ဗိုလ်ကောင်းသန့်တစ်ယောက် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ချစ်ရတဲ့မိသားစုနဲ့အတူအချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source:Mi Mi Khine