နေတိုး၊သဇင်ထူးမြင့်တို့နဲ့အတူရိုက်ကူးထားတဲ့ အေးမြဖြူရဲ့”အနားနားရှိချင်”ဆိုတဲ့ အသဲကွဲသီချင်းသစ်လေး

Myanmar Idol Season 4ကနေ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုစတင်ရရှိထားခဲ့တဲ့ အဆိုတော်အေးမြဖြူကတော့ ပရိသတ်ကြီးနဲ့ရင်းနှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူမဟာလတ်တလောမှာတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး မကြာသေးခင်ကလည်း “BRAND NEW LOVE “၊”မိုးနဲ့ အတူ”ဆိုတဲ့ Music Series (2)ပုဒ်ကိုထွက်ရှိထားခဲ့ပါသေးတယ်။

အဆိုပါသီချင်းလေးတွေကလည်း ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျခဲ့ပြီး အချိန်ခဏလေးအတွင်းမှာကြည့်ရှု့အားပေးသူ အများအပြားရှိတာကိုတွေ့ရပါတယ်။ လက်ရှိမှာလည်း (၃)ပုဒ်မြောက်Music Seriesအဖြစ် “အနားနားရှိချင်”ဆိုတဲ့သီချင်းကို ပရိသတ်တွေရှေ့ချပြလာခဲ့ပါတယ်။ Music Series (၃)ပုဒ်လုံးကိုတော့ အေးမြဖြူကငယ်ငယ်ကတည်းကလေးစားအားကျခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်နေတိုးနဲ့အတူရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။

“အနားနားရှိချင်”ဆိုတဲ့သီချင်းလေးမှာတော့ နေတိုးနဲ့အတူသဇင်ထူးမြင့်ကလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ အဲဒီသီချင်းအသစ်လေးကတော့ ကိုယ်ချစ်ရတဲ့ချစ်သူကို တိတ်တခိုးချစ်နေရတဲ့သူတိုင်းအတွက် ရေးဖွဲ့သီဆိုထားတဲ့အသဲကွဲသီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အေးမြဖြူရဲ့သုံးပုဒ်မြောက်သီချင်းသစ်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Source:AYE MYA PHYU,Video Credit:V7Entertainment