ချစ်ဇနီးလေးလိုချင်နေတဲ့နားစွဲလေးကို Surpriseတိုက်ပြီးမွေးနေ့လက်ဆောင်ပေးခဲ့တဲ့ အာဘွိုင်း

ပြီးခဲ့တဲ့ဇန်နဝါရီလ(၂၂)ရက်နေ့ကတော့ မင်းသမီးချောလေးမြတ်ရတနာကျော်ရဲ့အသက်(၂၆)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့အတွက် အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကလည်းမွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးထားကြပါတယ်။ ခင်ပွန်းဖြစ်သူအာဘွိုင်းကလည်း ချစ်ဇနီးလေးရဲ့မွေးနေ့အတွက်”ကျနော့်ရဲ့အရင်းနှီးဆုံးသူစိမ်း ကျနော့်ရဲ့အချစ်ရဆုံးသူငယ်ချင်း ကျနော့်ရဲ့အကောင်းမွန်ဆုံးမိတ်ဆွေ

ကျနော့်ရဲ့ဆိုးတူကောင်းဖက်အရာရာ Happy Birthdayပါမိန်းမ I love you so much”ဆိုပြီးရေးသားကာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။ ဒါ့အပြင်မွေးနေ့လက်ဆောင်အနေနဲ့လည်း ဇနီးလေးလိုချင်နေတဲ့နားစွဲလေးကို Surpriseတိုက်ပြီးလက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီအကြောင်းကိုတော့မြတ်ရတနာကျော်က”ကိုယ့်စိတ်ထဲက ဝယ်မယ်ကြံထားတဲ့ တိတ်တိတ်လေးလိုချင်နေတဲ့အရာတွေ အများကြီးရှိပါတယ်

တစ်ရက်မနောင့်Nount Jewelshine Jewelry ဆိုင်ကိုဈေးရောင်းပေးတုန်းက မြတ်အရမ်းကြိုက်ရပါသော Jewelry တွေရှိတယ် အဲ့ထဲကမှတစ်ခုကို မနောင့်က birthday present ပေးဖို့ရွေးပေးတယ် ကိုကိုကျော်က မြတ်မသိအောင်ဝယ်ပေးတယ် ကျေးဇူးပါ my hubby ကျေးဇူးပါမနောင့်(နောက်လည်း မြတ်ကြိုက်နေတာလေးတွေ ကိုကိုကျော်ကိုပြောပြပေးပါ)”ဆိုပြီးရေးသားကာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Myat Yadanar Kyaw