ရှာဖွေစုဆောင်းထားတဲ့အနုပညာကြေးတွေကို နဂါးရုံဘုရားကြီးနဲ့ရှေးဟောင်းရေကန်ကြီးတည်ဆောက်ရေးအတွက် ငွေကျပ်သိန်း(၅၀၀)လှူဒါန်းပေးခဲ့တဲ့ နေခြည်ဦး

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့နေခြည်ဦးဟာ ဒီနေ့မှာတော့သူရှာဖွေစုဆောင်းထားတဲ့အနုပညာကြေးလေးတွေကိုစုဆောင်းပြီး မွန်ပြည်နယ်ကျိုက်ထိုမြို့ဗောဓိကိုးထောင်ဆရာတော်ကြီးကျောင်းတိုက်တွင်း နဂါးရုံဘုရားကြီးနဲ့ ရှေးဟောင်းရေကန်ကြီးမွမ်းမံတည်ဆောက်နိုင်ရေးအတွက် ငွေကျပ်သိန်း(၅၀၀)ကျပ်ကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်သစ်တံခါးဆရာတော်ကြီး ဒုတိယအောင်မြေဖြစ်တဲ့ ကရင်ပြည်နယ်မြဝတီမြို့ကျောင်းတိုက်ခွဲအတွင်း တစ်ပါးကျောင်းဆောင်အတွက်ငွေကျပ်သိန်း (၁၀၀)ကိုလှူဒါန်းပေးခဲ့ပြီး စုစုပေါင်းငွေကျပ်သိန်း (၆၀၀)တိတိကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

နေခြည်ဦးကတော့သူမရဲ့အလှူနဲ့ပတ်သက်ပြီး “နေခြည် အသက် (၂၉) နှစ်မပြည့်ခင် ဘုရားတည် ကျောင်းဆောက်ပြီး သာသနာကို အကျိုးပြုရသူ ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်လျော ဖြည့်ဆည်းပေးကြတဲ့ ဗောဓိကိုးထောင်ဆရာတော်ကြီး သစ်တံခါးဆရာတော်ကြီး နဲ့ အချစ်ဆုံး ဖေကြီး ဒေါက်တာမျိုးမြင့်စိန်တို့ကို အရမ်း ကျေးဇူးတင်ပါတယ်။ နေခြည်နဲ့ အလုပ်တွဲလုပ်ပေးကြတဲ့ ကျေးဇူးရှင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ အချစ်ဆုံး chillies တွေရဲ့ အားပေးမှုနဲ့ရခဲ့တဲ့ချွေးနဲစာတွေထဲကမှ မွန်ပြည်နယ်ကျိုက်ထိုမြို့ဗောဓိကိုးထောင်ဆရာတော်ကြီး ကျောင်းတိုက်တွင်းနဂါးရုံဘုရားကြီးနဲ့ ရှေးဟောင်း ရေကန်ကြီးမွမ်းမံတည်ဆောက်နိုင်ရေးအတွက် အလှူငွေသိန်း (၅၀၀) ကျပ်

သစ်တံခါးဆရာတော်ကြီး ဒုတိယအောင်မြေဖြစ်တဲ့ ကရင်ပြည်နယ်မြဝတီမြို့ကျောင်းတိုက်ခွဲ အတွင်း တစ်ပါးကျောင်းဆောင်အတွက်အလှူငွေ သိန်း (၁၀၀)ကျပ်စုစုပေါင်း အလှူငွေ သိန်း (၆၀၀) ကျပ်တိတိကိုလှူဒါန်းခဲ့ပါတယ်။နေခြည်ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုအားလုံးကို chillies တွေကို အမျှပြန်လည်ပေးဝေပါတယ်။ အမျှရကြပြီးနှစ်သစ်မှာစည်းပွါးလာဘ်လာဘတွေ ပေါကြွယ်ဝကြပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေနော်”ဆိုပြီးရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင် မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:beautybynaychi