ကွယ်လွန်သွားတဲ့ဖခင်ကြီးအတွက်ရည်စူးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုဗစ်စင်တာမှာ အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ နေယံ

သရုပ်ဆောင်မင်းသားချောနေယံဟာ ယခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုရပ်နားထားခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သူရဲ့လှုပ်ရှားမှုတိုင်းကိုလည်းလူမှုကွန်ရက်စာမျက်နှာကနေ အမြဲမျှဝေပေးလေ့ရှိပါတယ်။ လက်ရှိမှာလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ကြီးအတွက် ရည်စူးပြီးအလှူအတန်းတွေပြုလုပ်ပေးနေတဲ့အကြောင်း အလှူပုံရိပ်လေးတွေနဲ့အတူမျှဝေပေးထားခဲ့ပါတယ်။

သူ့ရဲ့အလှူနဲ့ပတ်သက်ပြီး” ဖေ့ဖေ့အားရည်စူး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်စင်တာဆောင်အတွက်Liquid Oxygen အသုံးပြုရန် အလူတော်ငွေ၄သိန်းကျပ်လူဒါန်းကုသိုလ်ပြုပါသည်။ ဖေဖေတွက်ဇတ်တိုက်အလှူတန်းတွေလုပ်ပေးနေပါတယ်ဖေဖေ ရွာအိမ်ရန်ကုန်အိမ်မှာဆွမ်းကပ်ပူဇော် သိုက်တောရွာကျောင်းပဌာန်းရွတ်ဖတ်ပူဇော်ပွဲ သံဃာ၄၁ပါးနဲ့ ဧည့်သည်တော်များအတွက်တစ်ရက်စာအလှူ တွန်တေးမောင်းတီးစေတီတော်ဆရာတော်အတွက် သင်္ကန်နှင့်ကျောင်းဆောက်ရန်အတွက်အလှူငွေ ဤကုသိုလ်အလှူတော်အားလုံးအတွက် ဖေဖေရောက်ရာဘုံဘဝမှ အမျှရပြီး သာဓုခေါဲဆိုနိုင်ပါစေဖေဖေ

ဒါနသီလဘာဝါနာကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့ ဖေဖေကောင်းရာဘုံဘဝတို့ ရောက်ရှိနေမယ်ဆိုတာ သားအပြည့်ဝယုံကြည့်ပါတယ်ဖေဖေ “ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Nay Yan