မောင်နဲ့အတူ ချစ်သူသက်တမ်း(၂)လပြည့်က ရိုက်ကူးခဲ့တဲ့ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေလိုက်တဲ့ ဘေဘီမောင်

အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင်ဘေဘီမောင်တို့ချစ်သူစုံတွဲလေးကတော့ ပရိသတ်ကြီးနဲ့ရင်းနှီးပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာလောကမှာကိုယ်စီအောင်မြင်မှုတွေကိုရရှိနေကြပြီး တစ်ယောက်ရဲ့ဝါသနာကိုတစ်ယောက်က ပံ့ပိုးကူညီပေးနေတာပဲဖြစ်ပါတယ်။ သားဂန်းနဲ့ဘေဘီမောင်တို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်လည်းအရမ်းချစ်ကြသလို နှစ်ဖက်မိဘတွေကလည်းသဘောတူထားကြပါတယ်။

သူတို့ချစ်သူစုံတွဲလေးဟာ နားလည်မှုအပြည့်နဲ့လက်တွဲလာခဲ့တာ အခုဆိုရင်တော့ချစ်သူသက်တမ်း(၂)နှစ်ကျော်လာခဲ့ပါပြီ။ ဘေဘီမောင်ကတော့ သူ့တို့နှစ်ယောက်ရဲ့အမှတ်တရလေးတွေကို မကြာခဏဆိုသလိုပြန်လည်မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်းချစ်သူငက်တမ်း(၂)လပြည့်က ရိုက်ကူးခဲ့တဲ့ကြည်နူးစရာဗီဒီယိုဖိုင်လေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်မျှဝေပေးထားခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်လေးကိုတော့ဘေဘီမောင်က “ဒီvideo လေးက သူနဲ့ချစ်သူဖြစ်တာ၂လလောက်ပဲရှိသေးတဲ့အချိန်ပါ အဓိကပြောချင်တာက ယောကျာ်းကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ရိုးသားပြီး ချစ်ဖို့ကောင်းတဲ့ အပြောဆိုအမူအယာလေးတွေပါပဲ ဘေဘီအများကြီးပြောစရာမလိုဘူးထင်ပါတယ် ချစ်ရတဲ့အသဲတို့ပဲဒီvideoလေးကြည့်ပြီးဝေဖန်သုံးသပ်ပေးကြပါအုံးနော်”ဆိုပြီးရေးသားကာမျှဝေပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Baby Maung