အလုပ်တွေပြီးတာနဲ့ ဘုန်းဘုန်းဆီကိုသွားပြီး မွန်မြတ်တဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့တဲ့ ထက်ထက်မိုးဦး

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးဟာ တစ်ချိန်ကအနုပညာလောကက ကြော်ငြာဘုရင်မတစ်ပါးအဖြစ်အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သူမကသရုပ်ဆောင်ပိုင်းမှာလည်း အလွမ်းအဆွေးကာရိုက်တာပေါင်းစံကို သူမတူအောင်သရုပ်ဆောင်နိုင်ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုတွေကိုလည်း ထိုက်ထိုက်တန်တန်နဲ့ပိုင်ဆိုင်ရရှိထားခဲ့ပါတယ်။

ထက်ထက်မိုးဦးဟာ ကျန်းမာရေးအခြေအနေကြောင့် အချိန်အတော်ကြာအနုပညာအလုပ်တွေကိုရပ်နားထားခဲ့ပြီး လက်ရှိမှာတော့မနားတမ်းပြန်လည်လုပ်ကိုင်နေခဲ့ပါတယ်။ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်နေရပေမယ့် အားလပ်ချိန်တိုင်းကိုလည်းကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ဖြတ်သန်းလေ့ရှိပါတယ်။ ဒီနေ့မှာလည်းအလုပ်တွေပြီးတာနဲ့ ဘုန်းဘုန်းဆီကိုသွားပြီးတတ်နိုင်သလောက်အလှူအတန်းတွေကိုပြုလုပ်ခဲ့ပါတယ်။

 

အဲဒီအကြောင်းကိုတော့ထက်ထက်မိုးဦးက “အလုပ်တွေပြီးတော့ဘုန်းဘုန်းဆီ အလှူသွားလုပ် ကုသိုလ်ယူ ချစ်ရသူတွေအားလုံးလည်းထပ်တူရကြပါစေ။ ပုံရိုက်တာဘာနှိပ်မိလိုက်လဲမသိဘူး ကြယ်တွေပေါ်သွားတယ်။ ချစ်တဲ့စိတ်လေးနဲ့ ကြည့်ပေးနော်”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင် ဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

Source:Htet Htet Moe Oo