ဂျပန်လူမျိုးတွေရဲ့ KAKEIBO ငွေစုနည်း

⚡️ဂျပန်လူမျိုးတွေရဲ့ KAKEIBO ငွေစုနည်း⚡️

⏣ဒီနည်းဟာ ဂျပန်ပြည်မှာ အရမ်းခေတ်စားပြီး အသုံးတည့်အလုပ်ဖြစ်တဲ့ဂျပန်ငွေစုနည်း ဖြစ်ပါတယ်သင့်ဝင်ငွေရဲ့ ၄၀% ထိ ပိုစုနိုင်ပါလိမ့်မယ်။ဒီငွေစုနည်းအတွက် ဗလာစာအုပ် အကြီးရယ် ၊အသေးရယ် ၂ အုပ်ပဲ လိုပါ့မယ်

📓 ပထမအကြီးစာအုပ်မှာကိုယ့်ကိုကိုယ် ဒါတွေ မေးပါ။ပြီးတော့ ရေးပါ

၁) သင့်မှာ ငွေဘယ်လောက် ရှိပါသလဲ ⁉️
၂) ငွေဘယ်လောက် စုချင်ပါသလဲ❓
၃) ပမာဏ ဘယ်လောက်ကို သုံးချင်တာပါလဲ❓
၄) ဘယ်လို အရာတွေကို ပိုကောင်းအောင် လုပ်နိုင်မလဲ ‼️

အာ့ စာအုပ်အကြီးထဲမှာကိုယ့်ရဲ့ဝင်ငွေ ကို ချ ရေးရပါ့မယ်။
ပြီးတော့အာ့စာအုပ်ထဲမှာပဲစုငွေ နဲ့သုံးငွေ ကို ချ ရေးရပါ့မယ်

ဟုတ်ပြီ 📒 စာအုပ်အသေးကကော?
အာ့စာအုပ်အသေးလေးကို ဘယ်သွားသွား ယူသွားပေးပါ

ကိုယ်သုံးလိုက်တဲ့ ငွေပမာဏ သေသေးလေးတွေကအစအချိန်နဲ့ တပြေးညီ မှတ်သားထားပါ။(သုံးပြီးသားငွေ တွေကို မှတ်လိုက်လို့ပြန် မရပါဖူး။ဒါပေမဲ့အနည်းဆုံး ခနခန ရေးနေရင်ငါ အများကြီး သုံးမိနေပါလားလို့ကိုယ့်ကိုကိုယ် သတိချပ်စေမိမှာပါ )

စာအုပ်အကြီးထဲမှာ
✅ကိုယ့်ရဲ့ လစာ
✅မထင်မှတ်ပဲရတဲ့ မုန့်ဘိုး
✅ ပြန်ရတဲ့ အကြွေး….. ဒါတွေကို မှတ်ပါ

ပြီးတော့ ကိုယ်စုလိုတဲ့ပမာဏ ကို ချ ရေးရပါ့မယ်။ဝင်ငွေ ရလာပြီ ဆိုတာနဲ့ သုံးဖို့အတွက် ဆိုင်ကို မသွားသေးပဲနဲ့ ကိုယ့်ရဲ့စုဗူးထဲဖြစ်ဖြစ်ဘဏ်အကောင့်ထဲဖြစ်ဖြစ် ငွေ အရင်စုပါ
(မဖြစ်မနေလုပ်ပါ)

သုံးငွေစာအုပ်အသေး ယူသွားတော့မယ်ဆိုတာနဲ့ဘာဝယ်မလဲ ဆိုတာ တိတိကျကျစာရင်းလုပ်ပါ။ဘာဝယ်ရမှန်းမသိပဲShopping ထွက်မိတဲ့အခါပိုက်ဆံ ထင်ထားတာထက်ပိုကုန်မိပါတယ်( သင်လိုအပ်နေတာနဲ့သင်လိုချင်နေတာနဲ့ အတိအကျ သိအောင်လုပ်ပြီးမှစာအုပ် အသေးကို အသုံးပြုပါ )

တကယ်တော့လူတော်တော်များများဟာသူတို့အင်္ကျီရဲ့ ၃၀%ကိုပဲတကယ်ဝတ်လေ့ရှိပြီးကျန် ၇၀%ကို မဝတ်ကြပါဖူး

ခါခဲဘိုနည်းဟာ ဘာမှ မဟုတ်ဖူးထင်ရပေမယ့်ဒီလိုလုပ်သွားခြင်းအားဖြင့် လကုန်တိုင်း လကုန်တိုင်း ကိုယ်ဘယ်လောက် အသားတင် ဝင်ငွေရှိတယ်ဘယ်လောက် စုဖြစ်တယ်ဆိုတာ အကျဉ်းဖျဉ်းသတိထားမိပြီးဝင်ငွေရဲ့ ၄၅% ထိ စုဖြစ်ပါလိမ့်မယ်လို့
KAEIBO နည်းက ပြောထားပါတယ်

အားလုံးပဲချွေတာခြင်းဖြင့်တိုးတက်နိုင်ကြပါစေ

From U Khin Maung
Credit Original Writer 🙏🙏 🙏