ထိုင်သည့်အနေအထားကိုကြည့်ပြီး ပြောနိူင်သော စိတ်နေစိတ်ထားများ

လူအများစုသည် နေ့စဉ်ဘဝတွင် ထိုင်ပုံထိုင်နည်းအမျိုးမျိုးဖြင့် ထိုင်နေကြပါသည်။ထိုအချက်သည် ဖြစ်ရိုးဖြစဉ်သာမန်မျှသာဟုထင်ကြပါလိမ့်မည်။ သို့သော် လူတစ်ယောက်၏ထိုင်ပုံထိုင်နည်း ကိုကြည့်ပြီး စိတ်နေစိတ်ထားနှင့် အမူအကျင့်တို့ကိုလည်းအကဲဖြတ်နိူင်ပါသည်။ထိုအချက်များကို စာဖတ်သူများသိစေရန် ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်နော်။

ပုံစံ ၁
မြက်ခင်းပေါ်တွင် (သို့မဟုတ်) ခုံပေါ်တွင် ဒူးနှစ်ဖက်ကိုထောင်ပြီး လက်နဲ့ပိုက်ထိုင်တတ်သူသည် စိတ်ကူးတီထွင်မှုကောင်းသူဖြစ်ပြီး သြဇာရှိသူ တစ်ဦးဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် အနည်းငယ် ကလေးဆန်တတ်သူဖြစ်ပါသည်။ တစ်ခုခုကို မစဉ်းစားဘဲ ပွင့်ပွင့်လင်းလင်း ပြောတတ်သူလည်းဖြစ်ပါသည်။ တခြားသူများကတော့ သင့်ကို ပျော်ပျော်နေတတ်သောသူလို့ ထင်ကြပါလိမ့်မည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ရှောင်ချင်သည့်စိတ်နေသဘောထားလည်းရှိတတ်ပါသည်။ သို့သော် ပျင်းရိတတ်သူ တစ်ယောက်တော့ မဟုတ်ပါ။

ပုံစံ ၂
ထိုင်သောအခါ၌ ခြေချင်းချိတ်ပြီးထိုင်တတ်သူ ဆိုပါက စိတ်ကူးယဉ်တတ်သည့်သူပင်ဖြစ်ပါသည်။ထိုသို့ ခြေချင်းချိတ်ပြီးထိုင်တတ်သူသည် ထူးဆန်းပြီး တခြားသူများနဲ့မတူညီသော စဉ်းစားတတ်သည့် စိတ်ကူးနှင့်တီထွင်နိူင်မှုများရှိပါသည်။ သို့သော် အရာတစ်ခုကို စွဲစွဲမြဲမြဲ ကြိုက်တတ်သောသူမဟုတ်သလို တစ်နေရာတည်းမှာ အကြာကြီးမနေတတ်သူဖြစ်ပါသည်။ အပြောင်းအလဲမြန်ခြင်းမျိုးမဟုတ်ရင်တောင်မှ သိပ်ပြီး စွဲလန်းလေ့မရှိသူ
ဖြစ်ပါသည်။ အမြဲဖော်ရွေပြီး ဆက်ဆံရေးကောင်းမွန်သည့်အတွက် မိတ်ဆွေ အပေါင်းအသင်းများ၏ ချစိခင်မှုကိုခံရသူပင်ဖြစ်ပါသည်။

ပုံစံ ၃
ပေါင်နှစ်ဖက်ကို ကားပြီး ထိုင်တတ်သူ ဆိုပါက နမော်နမဲ့နိုင်သူတစ်ယောက်၊ပရမ်းပတာနိုင်သူတစ်ယောက်
ဖြစ်ပါသည်။ထို့ကြောင့်လည်း အလုပ်မှာဘဲဖြစ်ဖြစ်၊အိမ်မှာဘဲဖြစ်ဖြစ်၊သူငယ်ချင်းမိတ်ဆွေများအပေါ်ဖြစ်ဖြစ် အာရုံစူးစိုက်ဖို့ ခက်ခဲပါသည်။ သို့သော်လည်း ခန့်မှန်းရခက်သည့် ပြောင်းလဲတတ်သူဖြစ်ပါသည်။

 

ပုံစံ ၄
ပေါင်နှစ်ဖက်ကို တဖြောင့်တည်းထားပြီး ထိုင်တတ်သူဖြစ်ပါက အသန့်အပြန်ကြိုက်ပြီထက်မြက်သူဖြစ်ပါသည်။ ပြဿနာတစ်ခုခုဖြစ်လျှင် ဆတ်ဆတ်ထိမခံဖြစ်တတ်ပြီး စိတ်ထဲ၌ တနုံ့နုံ့တွေးခံစားနေတတ်သူဖြစ်ပါသည်။ထို့ပြင် ကြောက်စိတ်များနှင့်အားနည်းချက်များကို ဖုံးကွယ်ထားတတ်သူလည်းဖြစ်ပါသည်။ ကိုယ်မှန်တယ်ထင်လျှင်ဘာဖြစ်ဖြစ် ရင်ဆိုင်ရန်အတွက် ဝန်မလေးတတ်သူဖြစ်ပါသည်။

ပုံစံ ၅
ပေါင်နှစ်ဖက်ကို တစ်ဖက်တည်းယိမ်းပြီး ထိုင်တတ်သူ ဆိုပါက ရည်မှန်းချက်မြင့်မားသူဖြစ်ပါသည်။ တည်ငြိမ်သော ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းကို ရှာဖွေနေသူဖြစ်ပါသည်။ရည်ရွယ်ချက်မြင့်မားပြီး အောင်မြင်မှုတစ်ခုရရန် ပြင်းပြင်းထန်ထန် ကြိုးစားသူဖြစ်ပါသည်။တယူသန်တတ်သည့်သဘောရှိပြီး ဝတ်ကောင်းစားလှဝတ်ဆင်မှုကို ခုန်မင်သူဖြစ်ကာ ဝတ်စားဆင်ယင်မှုက အရေးကြီး တယ်လို့ ခံယူထားသူလည်းဖြစ်ပါသည်။

Credit-Original Uploader