အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ ကောင်းကျိုးများ

ယနေ့ခေတ်တွင် ကူးပြောင်းလာသော Online Shoppingများ၏ အကျိုးသက်ရောက်မှုကိုစာဖတ်ပရိတ်သတ်ကြီး သိအောင်မျှဝေပေးလိုက်ပါတယ်နော်။

(၁) ကုန်ကျစရိတ်ပိုမိုသက်သာစေခြင်း
အရောင်းဝန်ထမ်းများကို တာဝန်ပေးထားသည့်ဆိုင်ခန်းတစ်ခု ဖွင့်လှစ်မယ်ဆိုပါက ဝန်ထမ်းစရိတ်၊ ဆိုင်ခန်းခ၊ ရေ၊ မီးအသုံးပြုမှုစရိတ် အစရှိသဖြင့် ကုန်ကျစရိတ်များကို အများကြီးကျသင့်နိုင်ပါသည်။အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းပေါ်မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်လျှင် ထိုကုန်ကျစရိတ်များကို ပိုမိုသက်သာစေပါသည်။

(၂) နယ်မြေကန့်သတ်မှု မရှိခြင်း
ရန်ကုန်တွင်အခြေချထားသော ဆိုင်ခန်းကို ရန်ကုန်မှာ ရှိနေသည့် customersများသာ လာနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဆိုင်ခွဲများဖွင့်နိုင်သည့်အခါ ဆိုင်ခွဲအတွက် ငွေပိုကုန်ကျစေမည်ဖြစ်ပါသည်။

(၃) အချိန်ကန့်သတ်မှု မရှိခြင်း
မနက်ပိုင်း ဝန်ထမ်း၊ ညပိုင်း ဝန်ထမ်းခွဲထားစရာ မလိုအပ်ပဲ သင့်ရဲ ဆိုင်ကို ၂၄နာရီ လုံးလုံး အွန်လိုင်းမှာ ဖွင့်လို့ရပါမယ်။ ၂၄နာရီ လုံးလဲ ဝယ်ယူသူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ပါလိမ့်မယ်။အွန်လိုင်းစနစ်ဖြစ်သောကြောင့် မည်သည့်နေရာမဆို ရောင်းချနိူင်ပါသည်။

(၄) Website စာမျက်နှာပေါ်၌ပင် ရှာဖွေနိုင်ခြင်း
အွန်လိုင်းဈေးရုံ Website များတွင် Search Engine Box လေးများပါသောကြောင့် သုံးစွဲသူများသည် ရှာချင်သည့်ပစ္စည်း၏နာမည်၊ အရောင်၊ ဈေးနှုန်း၊ အကျိုးသက်ရောက်မှု စသည့်အချက်အလက်များကို ရွေးချယ်ပြီး စိတ်ကျေနပ်မှုရရျိမည်ဖြစ်ပါသည်။

(၅) တုံ့ပြန်မှုများ ကို သိမ်းပိုက်နိုင်ခြင်း
မိမိ၏ E-Commerce Website ပေါ်မှတစ်ဆင့် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူ သုံးစွဲသူ ထံမှလည်း မိမိလုပ်ငန်း နှင့် ပတ်သက်သည့် တုံ့ပြန်မှုများကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့် နောက်ထပ် ဝယ်ယူမည့်သူများကလည်း ယခင်လူများ၏ တုံံ့ပြန်မှုများကို ကြည့်ပြီး ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချနိုင်မည်ဖြစ်ပါသည်။

(၆) အသုံးပြုများ၏သဘောသဘာဝကို လေ့လာနိုင်ခြင်း
ခေတ်မှီ ကွန်ပြူတာ နည်းပညာများကို အသုံးပြုပြီး ရေးဆွဲထားသော E-Commerce Website များမှ တစ်ဆင့် ဝယ်ယူသူများ၏ စိတ်နေစိတ်ထား၊နှစ်သက်မှု နှင့် သဘောသဘာဝများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

(၇) အချိန်ကုန်လူပင်ပန်း သက်သာခြင်း
အွန်လိုင်းပေါ်၌ ပစ္စည်းများကို ငွေပေးချေဝယ်ယူနိုင်သောကြောင့် အသုံးပြုသူများအနေနဲ့ လူကိုယ်တိုင်လာရောက် ဝယ်ယူစရာမလိုအပ်တော့ဘဲ အချိန်ကုန်လူပင်ပန်း သက်သာစေပါသည်။

Credit-Original Uploader