မြန်မာနိူင်ငံ၏ဖိုးပြုံးချို (သို့မဟုတ်) မျိုးတုန်းလုနီးပါးဖြစ်နေသော ဧရာဝတီလင်းပိုင်အကြောင်း

ဧရာဝတီ လင်းပိုင်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်ပါသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။

ဧရာဝတီ လင်းပိုင်များကို ဧရာဝတီ မြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီ လင်းပိုင်ဟု ခေါ်ဆိုခဲ့တာဖြစ်သည်။ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနဲ့ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါးသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။

မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပါသည်။ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂. ၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရိစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။

ငါးများ ရွှေ့ပြောင်းသွားလာ မှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေး ကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါ များ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်၊မေခ၊မေလိခ မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါး များ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါသည်။

မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာရှိ သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ် ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။ယခုအချိန်တွင်(၆)လအတွင်း (၆)ကောင်သေဆုံးနေပါသည်။ယခုရက်ပိုင်းအတွင်း၌ပင် ရှော့ခ် တိုက်ဖမ်းမှုကြောင့် (၂)ကောင်သေဆုံးပါသည်။ လင်းပိုင်းလေးများသည်မျိုးပွားရန် ခက်ခဲပြီး အချိန်ကြာမြင့်တတ်ပါသည်။ ယခုစစ်တမ်းအရ မြန်မာနိုင်ငံတွင် (၇၆)ကောင်သာကျန်ရှိပါတော့သည်။ (၆)ကောင်သေသွားသောကြောင့် အကောင်(၇၀)သာ ကျန်ပါတော့သည်။ ထို့ပြင် မိုးရာသီရေကြီးသောကြောင့် ရေစီးနဲ့ မျောပါသွားခြင်း၊ ပြန်ရှာမရခြင်းမျိုးလည်း ရှိကောင်းရှိနိူင်ပါသည်။

ထို့ကြောင့်ယခုအချိန် ရှော့တိုက်ငါးဖမ်းကြသော တံငါသည်များသာမက ရှော့တိုက်ရန် လျှပ်စစ်ဝါယာကြိုးရောင်းတဲ့သူများကိုပါ စစ်ဆေးရပါတော့ပါသည်။ ဧရာဝတီလင်းပိုင်ဆိုသည်မှာ တံငါသည်များနဲ့ ငါးအတူတူဖမ်းပေးသော ဖိုးပြုံးချိုလေးများပင်ဖြစ်သည်။ ထိုသို့ ကမ္ဘာမှာသာမက မြန်မာ၌ပါ အင်မတန်ရှားပါးသော လင်းပိုင်လေးများကို မျိုးမတုံးစေရန် ဝိုင်းဝန်းကူညီပေးဖို့လိုအပ်ပါသည်။ယခုထက်ထိရောက်သော စည်းကမ်းမျိုးနဲ့ စောင့်ရှောက်နိူင်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို ဝိုင်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Reference- https://linmgmg.blogspot.com/2010/01/blog-post_6661.html