မက်ဆီ နှပ်ချေးသုတ်ခဲ့သည့် တစ်ရှူးအား ဒေါ်လာတစ်သန်းဖြင့် ရောင်းချနေ

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဘာစီလိုနာအသင်းကနေ မက်ဆီဟာ ပီအက်စ်ဂျီကိုပြောင်းခဲ့ပါတယ်။ မပြောင်းခင်မှာ သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့ကာ မက်ဆီငိုကြွေးနေတာကို တိုက်ရိုက် Live ကြည့်ခဲ့ရပါတယ်။ ၂၁ နှစ်ကြာခဲ့တဲ့အသင်းကနေ ထွက်ခဲ့ရလို့ပါ။အကြောင်းကြောင်းတွေကြောင့် ပီအက်စ်ဂျီရောက်သွားချိန်မှာ မက်ဆီဟာ ထရိန်နင်ဆင်းလို့ ပွဲတွေတောင်စပါတော့မယ်။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲဂယက်က မပြီးသေးပါဘူး။ မက်ဆီငိုတဲ့အချိန်မှာ ထွက်လာတဲ့ မျက်ရည်၊ နှပ်ချေးတွေကိုသုတ်ခဲ့တဲ့ တစ်ရှူးကြောင့်ပါ။

မက်ဆီသုတ်လိုက်တဲ့ တစ်ရှူးကို သတင်းစာရှင်းလင်းပွဲလာကြည့်နေတဲ့ ပရိသတ်တဦးကရသွားခဲ့ပါတယ်။ ဘယ်လိုဘယ်ပုံရခဲ့လဲဆိုတာတော့ မသိပေမဲ့ ရသွားတဲ့ပရိသတ်က သူဟာ မက်ဆီရဲ့တစ်ရှုးကိုရထားကြောင်း အွန်လိုင်းပေါ်တင်ပြီး၊ ဈေးခေါ်လိုက်လို့ပါ။

သူက ကြော်ငြာပုံစံတမျိုးနဲ့၊ မှောင်ခိုဝက်ဘ်ဆိုက်တွေမှာ ကြေညာခဲ့တာလို့သိရပါတယ်။ ဒေါ်လာ၁သန်း (မြန်မာငွေ သိန်း၁သောင်း၇ထောင်ကျော်ဈေးခေါ်ထားပြီး၊ မက်ဆီရဲ့တစ်ရှူးမှာ ဒီအင်အေပါနေတယ်လို့ အာမခံထားပါတယ်။ ဒါကတော့ နှပ်ချေး၊ မျက်ရည်တွေဖြစ်တဲ့အတွက် ဖြစ်နိုင်ပါတယ်။

တခုရှိတာက ဘယ်သူတွေဝယ်သွားမလဲနဲ့ မှောင်ခိုဈေးကွက်ကိုရောက်သွားပြီလားမသိရပါဘူး။ မက်ဆီရဲ့ဒီအင်အေကိုသာရခဲ့ရင် မက်ဆီလိုဘောလုံးစွမ်းရည်ထက်မြက်တဲ့ မျိုးရိုးကိုဖန်တီးနိုင်မယ်လို့ ပြောခဲ့တဲ့အတွက် ဒေါ်လာ ၁သန်းဆိုတာက ဘာမှမဟုတ်ဘူးလို့လည်းဆိုလိုရပါတယ်။

ဒီလိုတွေပြောလို့ မက်ဆီရဲ့တစ်ရှူးတရွက်က ဘာအရေးပါလို့လဲမေးစရာရှိနိုင်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ သမိုင်းဝင်ခန်းမမှာ မက်ဆီလက်မှတ်ထိုးထားတဲ့ တစ်ရှူးလေးတရွက်ကို ဘောင်နဲ့ကနားနဲ့ အမှတ်တရသိမ်းထားတာရှိပါတယ်။ မက်ဆီ ၁၃ နှစ်သားအရွယ်တုန်းကပါ။

ဘာစီလိုနာမှာ ခြေစွမ်းလာစမ်းသပ်ခံချိန်၊ မက်ဆီဟာလုံးဝကမ္ဘာကျော်ဖြစ်မှာကို သိလိုက်ပါတယ်။ အားကဒါရိုက်တာက ချက်ချင်းစာချုပ်ဖို့ကြည့်လိုက်ချိန်မှာ အနားမှာစာရွက်မရှိဘဲ တစ်ရှူးပဲရှိပါတယ်။ ရေးလို့ရပြီးရောဆိုပြီး၊ မက်ဆီနဲ့စာချုပ်လိုက်ချိန်မှာ တစ်ရှူးဟာ သမိုင်းဝင်သွားခဲ့ပါတယ်။

ဒီလောက်ဆိုရင် မက်ဆီရဲ့တစ်ရှူးက ဘယ်လောက်အရေးပါလဲသိနိုင်ပါတယ်။ တစ်ရှူးပေမဲ့ မက်ဆီနဲ့ထိထားရင် ရွှေဖြစ်သွားနိုင်တာမလို့ပါပဲ။

Credit:ဒဿဂီရိအင်တာတိန့်မင့်

Zawgyi Version –

မက္ဆီ ႏွပ္ေခ်းသုတ္ခဲ့သည့္ တစ္ရႉးအား ေဒၚလာတစ္သန္းျဖင့္ ေရာင္းခ်ေန

ၿပီးခဲ့တဲ့ရက္ပိုင္းေတြတုန္းက ဘာစီလိုနာအသင္းကေန မက္ဆီဟာ ပီအက္စ္ဂ်ီကိုေျပာင္းခဲ့ပါတယ္။ မေျပာင္းခင္မွာ သတင္းစာရွင္းလင္းပြဲေတြလုပ္ခဲ့ကာ မက္ဆီငိုေႂကြးေနတာကို တိုက္ရိုက္ Live ၾကည့္ခဲ့ရပါတယ္။ ၂၁ ႏွစ္ၾကာခဲ့တဲ့အသင္းကေန ထြက္ခဲ့ရလို႔ပါ။
အေၾကာင္းေၾကာင္းေတြေၾကာင့္ ပီအက္စ္ဂ်ီေရာက္သြားခ်ိန္မွာ မက္ဆီဟာ ထရိန္နင္ဆင္းလို႔ ပြဲေတြေတာင္စပါေတာ့မယ္။ ဒါေပမဲ့ သတင္းစာရွင္းလင္းပြဲဂယက္က မၿပီးေသးပါဘူး။ မက္ဆီငိုတဲ့အခ်ိန္မွာ ထြက္လာတဲ့ မ်က္ရည္၊ ႏွပ္ေခ်းေတြကိုသုတ္ခဲ့တဲ့ တစ္ရႉးေၾကာင့္ပါ။

မက္ဆီသုတ္လိုက္တဲ့ တစ္ရႉးကို သတင္းစာရွင္းလင္းပြဲလာၾကည့္ေနတဲ့ ပရိသတ္တဦးကရသြားခဲ့ပါတယ္။ ဘယ္လိုဘယ္ပုံရခဲ့လဲဆိုတာေတာ့ မသိေပမဲ့ ရသြားတဲ့ပရိသတ္က သူဟာ မက္ဆီရဲ႕တစ္ရႈးကိုရထားေၾကာင္း အြန္လိုင္းေပၚတင္ၿပီး၊ ေဈးေခၚလိုက္လို႔ပါ။

သူက ေၾကာ္ျငာပုံစံတမ်ိဳးနဲ႕၊ ေမွာင္ခိုဝက္ဘ္ဆိုက္ေတြမွာ ေၾကညာခဲ့တာလို႔သိရပါတယ္။ ေဒၚလာ၁သန္း (ျမန္မာေငြ သိန္း၁ေသာင္း၇ေထာင္ေက်ာ္ေဈးေခၚထားၿပီး၊ မက္ဆီရဲ႕တစ္ရႉးမွာ ဒီအင္ေအပါေနတယ္လို႔ အာမခံထားပါတယ္။ ဒါကေတာ့ ႏွပ္ေခ်း၊ မ်က္ရည္ေတြျဖစ္တဲ့အတြက္ ျဖစ္နိုင္ပါတယ္။

တခုရွိတာက ဘယ္သူေတြဝယ္သြားမလဲနဲ႕ ေမွာင္ခိုေဈးကြက္ကိုေရာက္သြားၿပီလားမသိရပါဘူး။ မက္ဆီရဲ႕ဒီအင္ေအကိုသာရခဲ့ရင္ မက္ဆီလိုေဘာလုံးစြမ္းရည္ထက္ျမက္တဲ့ မ်ိဳးရိုးကိုဖန္တီးနိုင္မယ္လို႔ ေျပာခဲ့တဲ့အတြက္ ေဒၚလာ ၁သန္းဆိုတာက ဘာမွမဟုတ္ဘူးလို႔လည္းဆိုလိုရပါတယ္။

ဒီလိုေတြေျပာလို႔ မက္ဆီရဲ႕တစ္ရႉးတ႐ြက္က ဘာအေရးပါလို႔လဲေမးစရာရွိနိုင္ပါတယ္။ ဘာစီလိုနာအသင္းရဲ႕ သမိုင္းဝင္ခန္းမမွာ မက္ဆီလက္မွတ္ထိုးထားတဲ့ တစ္ရႉးေလးတ႐ြက္ကို ေဘာင္နဲ႕ကနားနဲ႕ အမွတ္တရသိမ္းထားတာရွိပါတယ္။ မက္ဆီ ၁၃ ႏွစ္သားအ႐ြယ္တုန္းကပါ။

ဘာစီလိုနာမွာ ေျခစြမ္းလာစမ္းသပ္ခံခ်ိန္၊ မက္ဆီဟာလုံးဝကမာၻေက်ာ္ျဖစ္မွာကို သိလိုက္ပါတယ္။ အားကဒါရိုက္တာက ခ်က္ခ်င္းစာခ်ဳပ္ဖို႔ၾကည့္လိုက္ခ်ိန္မွာ အနားမွာစာ႐ြက္မရွိဘဲ တစ္ရႉးပဲရွိပါတယ္။ ေရးလို႔ရၿပီးေရာဆိုၿပီး၊ မက္ဆီနဲ႕စာခ်ဳပ္လိုက္ခ်ိန္မွာ တစ္ရႉးဟာ သမိုင္းဝင္သြားခဲ့ပါတယ္။

ဒီေလာက္ဆိုရင္ မက္ဆီရဲ႕တစ္ရႉးက ဘယ္ေလာက္အေရးပါလဲသိနိုင္ပါတယ္။ တစ္ရႉးေပမဲ့ မက္ဆီနဲ႕ထိထားရင္ ေ႐ႊျဖစ္သြားနိုင္တာမလို႔ပါပဲ။